|
ဓမ္မစာပေများ -
ဓမ္မဆောင်းပါးများ
|
|
“သူများ အသေ အသုဘကို မြင်ဘူးတွေ့ဖူးကြမည် ကိုယ့်အသေ အသုဘကို မြင်အောင်ကြည့်လော ရှု့လော့” “ဝိပဿနာ အားထုတ်တာ တရားကျင့်နေတာမဟုတ်ဘူး။ ကိုယ့်အသေကိုယ် မြင်အောင်ကြည့်နေတာ” “မိမိရဲ့ ပဋိစ္စသမုပ္ပါဒ်ကို ကိုယ်တိုင်ဖြတ်နိုင်မှ ဝေဒနာ နိယောဓာ တဏှာနိယောဓော တဏှာသေမည် တဏှာနိယောဓော နိဗ္ဗာန် ချမ်းသာရမည်”
သုံးပါး ဝေဒနာ အလှည့်ကျဖြင့် ငါတို့အသက်ရှင်နေစဉ်မှာ. သုခဝေဒနာ ဖြစ်ပျက်မမြင် လောဘမသေ ဒုက္ခဝေဒနာ ဖြစ်ပျက်မမြင် ဒေါသမသေ ဥပေက္ခာဝေဒနာ ဖြစ်ပျက်မမြင် မောဟမသေ ဆက်ပေအုံးမယ် တဏှာဆီ.. ဓမ္မမိတ်ဆွေတို့.. သူတော်ကောင်းတို့၏ စကားသည် ဓမ္မမည်၍ ဓမ္မ၏ ပိုင်ရှင်သည် မြတ်စွာဘုရားရှင်ဖြစ်ပေ၏ ထို့ကြောင့် သူတော်ကောင်းစကားသည် ဘုရား၏စကား အဆုံးအမသာဖြစ်ပေသည်။ ထို့ကြောင့် ဘုရား၏ အဆုံးအမကို မိမိ၏ သန္တာန်ဝမ်းတွင်းသို့ ရောင်အောင်သွင်းနိုင်ခြင်းသည် မိမိ၏ ဝမ်းအတွင်း ဘုရားပွင့်ခြင်း၏ အကြောင်းမည်၏။
|
|
Read more...
|
|
|
ဓမ္မစာပေများ -
ဓမ္မဆောင်းပါးများ
|
|
“ရဝေနွယ်အသစ်”(၃) ရဝေနွယ်(အင်းမ) ဘာပဲဖြစ်နေဖြစ်နေ ငါတရားအားထုတ်ဖို့ အဓိက အမှန်ပြောရရင် စာရေးသူက ကိုယ့်ကိုယ်ကို သိပ်မကြည်ညို လှပါဘူး။ ဒါတကယ်ပြောတာပါ။ တစ်ခါတစ်ခါ ကိုယ့်ရင်ထဲ ကိုယ်မလိုချင်တဲ့ ကိုယ်သိပ်မုန်းတဲ့ အကုသိုလ် စိတ်တွေ ဝင်လာရင် သိပ်စိတ်ဆင်းရဲ ရပါတယ်။ ရဟန်းလည်းဖြစ် ဒါတင်မက ပရိသတ် အသိအမှတ်ပြုတဲ့ စာရေးဆရာ ရဟန်းတစ်ပါးလည်းဖြစ်ပြီး “ဒီအကုသိုလ်မျိုးတွေ ဝင်လာရပါ့မလား”ဆိုပြီး တွေးရင်းတွေးရင်း စိတ်ဆင်းရဲ ရတော့တာပါ။ ဒါကြောင့် အကုသိုလ် ပယ်နည်းတွေကို ရနိုင်သမျှ စုထားတာပါ။ နောင်လည်း ဆက်စုနေဦးမှာပါ။ စုလို့ရသမျှ ပယ်နည်း တွေကိုလည်း ချစ်တဲ့ စာဖတ်သူတွေဆီကို ရေးပို့နေဦးမှာပါ။ အဲဒီလို အကုသိုလ်စိတ် ဝင်လာလို့ စိတ်ဆင်းရဲရပြီ ဆိုရင် ကိုယ့်ကိုယ်ကို တရားပြန်ဟောတဲ့ တရားလေး တစ်ပုဒ် ရှိပါတယ်။ ဘာလဲဆိုတော့ “ ဘာပဲဖြစ်နေဖြစ်နေ ငါ တရားအားထုတ်ဖို့အဓိက” ဆိုတဲ့ စကားလေးပါ။ အဲဒီစကားလေးကို ထပ်ကာ ထပ်ကာ ရွတ်နေလိုက်ရင် စိတ်က သက်သာသွားတာ များပါတယ်။ အခုတလော တရားပွဲတွေမှာဆို တရားဆုံးခါနီးမှာ ဒါကိုပဲ ထပ်ကာထပ်ကာ ဟောနေလိုက်တာပါ။ ကိုယ့်ကိုယ်ကိုလည်း ဟောပြီးသားဖြစ်၊ တရားနာ ပရိသတ်ကိုလည်း ဟောပြီးသားဖြစ်နဲ့ သိပ်သဘော ကျတာပါ။ ဒါကိုပဲ ထပ်ကာ ထပ်ကာ ဟောနေတော့ စာရေးသူရဲ့ ကပ္ပိယတစ်ယောက် ဖြစ်တဲ့ ကွန်ပျူတာ ပညာရှင် တစ်ယောက် လည်းဖြစ်တဲ့ ကိုအောင်သိန်းက သူ့ရဲ့မွေးနေ့မှာ ဒီ “ဘာပဲဖြစ်နေဖြစ်နေ ငါ တရားအားထုတ်ဖို့အဓိက” ဆိုတဲ့ စာသားလေးကို ဆိုင်းဘုတ် ကလေးလုပ်ပြီး လာလှူပါတယ်။ ယောဂီတွေ တရားထိုင်တဲ့ နေရာမှာပဲ ချိတ်ပေး ထားလိုက်ပါတယ်။
|
|
Read more...
|
|
ဓမ္မစာပေများ -
ဓမ္မဆောင်းပါးများ
|
|
“ရဝေနွယ်အသစ်”(၂) ရဝေနွယ်(အင်းမ) ဖြစ်ပေါ်လာတဲ့ အကုသိုလ်ကို ပယ်ပစ်ဖို့က သိပ်အရေးကြီးပါတယ်။ ဒီနေရာမှာ မြတ်စွာဘုရား ဟောကြားထားတဲ့ မူလပဏ္ဏာသပါဠိတော် ဝိတက္က သဏ္ဌာနသုတ်ကလာတဲ့ အကုသိုလ် ပယ်နည်း ငါးနည်းကို အဓိကထား ပြောသွားရအောင်ပါ။ ဝိတက္ကသဏ္ဌာန သုတ်ဆိုတာ ကိုယ့်ရင်ထဲကို အကုသိုလ် တရားတွေ ဝင်လာရင် အကြောင်းငါးပါးနဲ့ ပယ်ပုံကို ဟောပြထားတဲ့သုတ်ပါ။ ရာဂ၊ ဒေါသ ၊ မောဟ၊ ဣဿာမစ္ဆရိယစတဲ့ အကုသိုလ် အညစ်အကြေးတွေ ဝင်လာရင် အကြောင်းတရားငါးပါးကို နှလုံးသွင်းပြီး ပယ်ဖျောက်ပစ်ရမှာပါ။ အဲဒီ အကြောင်းငါးပါးနဲ့ ပယ်ပုံကို ရေးပြသွားရအောင်ပါ။ ၁။ ကုသိုလ်တရားကို ဆင်ခြင်ပါ။ ၁။ ရာဂ ဒေါသ မောဟ နဲ့စပ်ယှဉ်တဲ့ အကုသိုလ်တွေ ဝင်လာတဲ့အခါ ကုသိုလ်နဲ့ စပ်ယှဉ်တာတွေ ပြောင်းပြီး နှလုံးသွင်းလိုက်ပါတဲ့။ ပါဠိတော်မှာတော့ ကုသိုလ်နဲ့ စပ်ယှဉ်တာတွေပြောင်းပြီး ဖျောက်ပါလို့ပဲ ဆိုထားပါတယ်။ ဘယ်လို ကုသိုလ်တွေ ဆိုတာတော့ ပြမထားပါဘူး။ ဒါကို အဋ္ဌကထာက ကုသိုလ်နဲ့ စပ်ယှဉ်တာတွေကို ဖွင့်ပြပေးပါတယ်။ ရာဂဖြစ်လာရင် အသုဘဘာဝနာ နှလုံးသွင်းပြီး ဖျောက်ပါတဲ့။ ဒေါသဖြစ်လာရင် မေတ္တာပွါးပြီး ဖျောက်ပါတဲ့။ ဒီကဏ္ဍမှာပဲ မဟာစည်ဆရာတော် ဘုရားကြီးက “ဘယ်ကိလေသာမဆို ဖြစ်ပေါ်လာရင် သမထတစ်ခုခုကို နှလုံးသွင်းပြီး ဖျောက်ရပါမယ်”လို့ မိန့်ထားပါတယ်။ ပယ်လည်း ပယ်နိုင်တယ်လို့ ထပ်မိန့်ပါတယ်။ ဒီတော့ ဆရာတော်ဘုရားကြီး မိန့်မှာတာကို အာရုံပြုပြီး အကုသိုလ် ကိလေသာ စိတ်တစ်ခုခု ဝင်လာတဲ့အခါ ကိုယ်အားသန်ရာ သမထကုသိုလ် တစ်ခုခုကို ပွါးပြီး ပယ်လိုက် လို့လည်း ရပါတယ်။ ဥပမာ- အကုသိုလ်စိတ် တစ်ခုခုဝင်လာတာနဲ့ အရဟံဂုဏ်တော် လေးပဲဖြစ်ဖြစ်၊ ပွါးနေလိုက်ရင်လည်း ပျောက်သွားတာများပါတယ်။ ဒါမှမဟုတ် “ ငါသည် မုချဧကန် သေရမည်။ ငါ၏ ရှင်ခြင်းသည် မမြဲ၊ ငါ၏ သေခြင်း သည်မြဲ၏”လို့ မရဏာနုဿတိကို ထပ်ကာ ထပ်ကာ ပွါးနေလိုက်လို့လည်း ရပါတယ်။ ဘယ်သူပဲဖြစ်ဖြစ် သေခြင်း တရားအကြောင်းကို တွေးလိုက်ရင် အကုသိုလ်စိတ် ဖြစ်ချင်စရာ မရှိတော့ပါဘူး။
|
|
Read more...
|
|
ဓမ္မစာပေများ -
ဓမ္မဆောင်းပါးများ
|
|
“ရဝေနွယ်အသစ်”(၁) ရဝေနွယ်(အင်းမ)
“စိတ်ညစ်ရင်ရေချိုးပါ” စာအုပ်ထုတ်ပြီးကတည်းက စာတွေမရေးဖြစ်တာ(၂)နှစ်ကျော်နေပြီဖြစ်တဲ့ စာရေးဆရာ ရဝေနွယ်(အင်းမ)ဟာ ဒီနှစ်အမေရိက LAမှာဝါဆိုပြီး၊ စာတွေပြန်လည် ရေးသားနေပါပြီ။ အခုလောလောဆယ် ရေးသားပြီးတဲ့“ရဝေနွယ်အသစ်” ဆိုတဲ့ဆောင်းပါးကတော့ စောင့်မျှော်နေတဲ့ စာချစ်ပရိသတ်ရဲ့ ရင်ထဲ စွဲနေစေမှာဖြစ်သလို ချမ်းမြေ့သာယာတဲ့ ဘဝသစ် တည်ဆောက် ချင်သူများ အတွက် စွဲနေအောင် ဆောင်ထားရမည့်တရား များပါပဲ။ ဒါကြောင့် စာရေးဆရာ ရဝေနွယ်(အင်းမ)ရဲ့ စိတ်, စေတနာ, မေတ္တာများ တပွေ့တစ်ပိုက်နဲ့ ရေးခြစ်ထားတဲ့ ဆောင်းပါးများကို အခန်း ဆက်ဖြင့် ဖော်ပြသွားမှာ ဖြစ်ပါတယ်။
“ရဝေနွယ်အသစ်”
တစ်ခါတုန်းက လူသုံးယောက် လမ်းလျှောက်လာရင်း တောင်ကုန်းထိပ်မှာ မိတ်ဆွေတစ်ယောက် ရပ်နေတာကို လှမ်းမြင်ရပါတယ်။ ဒီတော့ သုံးယောက်ထဲက တစ်ယောက်က“သူ ရှုခင်းတွေ ကြည့်နေတာ ထင်တယ်”လို့ ပြောလိုက်ပါတယ်။ ဒုတိယ တစ်ယောက်က “မဟုတ်ပါဘူး၊ တို့ကို စောင့်နေတာ ထင်တယ်”လို့ ပြောလိုက်ပါတယ်။ တတိယ တစ်ယောက်က “မဟုတ်ဘူး၊ လေကောင်းလေသန့် ရှုနေတာ ထင်တယ်”လို့ ပြောလိုက်ပါတယ်။ အဖြေမညီကြဘဲ တောင်ကုန်းပေါ် သုံးယောက် တက်ခဲ့ကြပါတယ်။ တောင်ကုန်းပေါ် ရောက်တော့ ပထမ တစ်ယောက်က စပြီမေးပါတယ်။
|
|
Read more...
|
၂၀၁၂ ခုနှစ် ဧပြီလအတွက် ကျောင်းအလိုက် ကောက်ခံရရှိသော အလှူငွေများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။ ၁။ BMSTU ------------------ ၅၀၇၄-ရူဘယ် ၂။ MIPT(ဇူဇီနို) ------------- ၂၀၀၁ ။ ၃၊ MISA --------------------- ၁၃၃၄ ။ ၄။ MATI -------------------- ၁၃၀၀ ။ ၅၊ MSMU ------------------- ၆၀၀ ။ ၆။ STANKIN----------------- ၂၂၄၃ ။ ------------------------------------------------- စုစုပေါင်း ---------------- ၁၂၅၅၂ ရူဘယ် ဖြစ်ပါသည်။ ယခုလ လှူဒါန်းမည့် အလှူနေရာများမှာ ပုံမှန်လစဉ်လှူးဒါန်းလျက်ရှိသော အောက်ပါနေရာများဖြစ်ပါသည်။
၁။ အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒ ဗုဒ္ဓသာသနာပြု တက္ကသိုလ် [International Theravada Buddhist Missionary University- ITBMY)] မှာ (Buddha Dhamma) တက်နေကြတဲ့ မြောက်ဥက္ကလာ၊ ဘုန်းကြီးလမ်း၊ ကမ္ဘာ့ဗုဒ္ဓ၀ိပဿနာဗိမာန်ကျောင်းတွင် သီတင်းသုံးနေထိုင်ကြသည့် စာသင်သားရဟန်းတော် ၂၉ ပါးနှင့် သီလရှင်ဆရာလေး ၁၃ ပါး တို့အားလှူဒါန်းရန်။ ၂။ ဆရာကြီးဒေါ်သုနန္ဒာ(ဓမ္မာစရိယ) (ဖုန်း၀၉-၈၆၂၈၈၁၁) တို့ဦးစီးသည့် ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ် အသောကာ ရာမသီလရှင် စာသင်တိုက်၌ ပရိယတ္တိစာပေနှင့်တန်းကျောင်း တက်ရောက်သင်ယူနေကြသော သီလရှင်ဆရာလေး ၁၇ပါးအားလှူဒါန်းရန်။ ၃။ ရွှေစေတီဘုန်းတော်ကြီးကျောင်း(ခ/၃ရပ်ကွက်၊မင်္ဂလာဒုံမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး) တွင် ဆယ်တန်းကျောင်းသား ၆ ဦးနှင့် ကိုးတန်းကျောင်းသား ၇ဦး၊ စုစုပေါင်း ၁၃ ဦး၊ အာသောကာရာမ သီလရှင်စာသင်တိုက် (ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး)တွင် ဆယ်တန်းသီလရှင်ကျောင်းသူ ၆ ဦး နှင့် ကိုးတန်းသီလရှင် ၇ ဦး၊ စုစုပေါင်း၁၃ဦးအား ဆရာ/ဆရာမကျူရှင်စရိတ်၊စာရေးကိရိယာများ(လိုအပ်သည့်လတွင်သာ)၊ယူနီဖောင်းဝတ်စုံများ(လိုအပ် သည့်လတွင်သာ)၊စာကြည့်စားပွဲ၊သေတ္တာနှင့်အခြားလိုအပ်သောအရာများ၊စားရေးသောက်ရေး၊ကျန်းမာရေး စောင့်ရှောက်မှု စသည်တို့အတွက် ထောက်ပံရန်။ ၄။ သာသနဗေါဓိကျောင်း၊ မင်းပြားမြို့၊ ရခိုင်ပြည်နယ် (ဖုန်းနံပါတ် ၀၉၇၃၀၄၂၈၉၁) တွင်ပြိုကျပျက်စီးလျက်ရှိသောဆွမ်းစားကျောင်းဆောင်ပြုပြင်မွန်းမံရာတွင်ထည့်ဝင်လှူဒါန်းရန်။
|
|
အလှူမှတ်တမ်းများ -
စာသင်သားရဟန်းတော်များအားလစဉ်ထောက်ပံ့မှု
|
|
အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် [International Theravada Buddhist Missionary University- ITBMU)] မှာ (Buddha Dhamma) တက်နေကြတဲ့ မြောက်ဥက္ကလာ၊ ဘုန်းကြီးလမ်း၊ ကမ္ဘာ့ဗုဒ္ဓ၀ိပဿနာဗိမာန်ကျောင်းတွင်သီတင်းသုံးနေထိုင်ကြသည့် စာသင်သားရဟန်းတော် ၂၆ ပါးတို့အား (၂၈)ကြိမ်မြောက်အလှူကို ၂၂.၂.၂၀၁၂ ရက်(ဗုဒ္ဓဟူးနေ့)တွင်အလှူတော်ငွေ (၁၄၉၀၀၀-ကျပ်) ကို ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်းမှ အကျိုးဆောင်၍ သွားရောက်လှူဒါန်းခဲ့ကြပါသည်။ စာသင်သားရဟန်းတော်များအား (၂၈)ကြိမ်မြောက် အလှူတော်အတွက် အလှူငွေစာရင်းနှင့် လှူဖွယ်ပစ္စည်းစာရင်းမှာ အောက်ပါအတိုင်းဖြစ်သည်-
စာသင်သားရဟန်းတော်များအား အကြိမ်(၂၈)မြောက်လှူဒါန်းခဲ့သော လှူဖွယ်ပစ္စည်းစာရင်း -
|
|
Read more...
|
|
သီလရှင်များအား လှူဒါန်းမှုများ -
ဗုဒ္ဓဓမ္မမှ သီလရှင်များအား လစဉ်လှူဒါန်းမှု
|
|
အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် [International Theravada Buddhist Missionary University- ITBMU)] မှာ (Buddha Dhamma) တက်နေကြတဲ့ မြောက်ဥက္ကလာ၊ ဘုန်းကြီးလမ်း၊ ကမ္ဘာ့ဗုဒ္ဓ၀ိပဿနာဗိမာန်ကျောင်းတွင် သီတင်းသုံးနေထိုင်ကြသည့် စာသင်သားသီလရှင် ၁၃ ပါးတို့းအား (၂၁)ကြိမ်မြောက်အလှူတို့ကို (၂၂.၂.၂၀၁၂) ရက်(ဗုဒ္ဓဟူးနေ့)တွင် အလှူငွေ(၁၀၂၅၀၀/ိ- )အား ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်းမှ အကျိုးဆောင်၍ သွားရောက်လှူဒါန်းခဲ့ကြပါသည်။ သီလရှင်များ အလှူတော်အား (၂၈) ကြိမ်မြောက် စာသင်သားရဟန်းတော်များအား လစဉ်လှူဒါန်းထောက်ပံ့မှုနှင့် အတူ ပူးတွဲ လှူဒါန်း ခြင်းဖြစ်ပါသဖြင့် အလှူတော်ဖြတ်ပိုင်း ဘောက်ချာအား (၂၇)ကြိမ်မြောက်စာသင်းသား ရဟန်းတော်များ အလှူတွင် ကြည့်ရှုနိုင်ပါသည်။ သီလရှင်များအား (၂၁)ကြိမ်မြောက် အလှူတော် ပြုလုပ်ရန်အတွက် အလှူငွေစာရင်းနှင့် လှူဖွယ်ပစ္စည်း စာရင်းမှာ အောက်ပါအတိုင်းဖြစ်သည်- စာသင်သားသီလရှင်များအား (၂၁) ကြိမ်မြောက်လှူဒါန်းခဲ့သော လှူဖွယ်ပစ္စည်းစာရင်း -
|
|
Read more...
|
|
သီလရှင်များအား လှူဒါန်းမှုများ -
ဗုဒ္ဓဓမ္မမှ သီလရှင်များအား လစဉ်လှူဒါန်းမှု
|
|
အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် [International Theravada Buddhist Missionary University- ITBMU)] မှာ (Buddha Dhamma) တက်နေကြတဲ့ မြောက်ဥက္ကလာ၊ ဘုန်းကြီးလမ်း၊ ကမ္ဘာ့ဗုဒ္ဓ၀ိပဿနာဗိမာန်ကျောင်းတွင် သီတင်းသုံးနေထိုင်ကြသည့် စာသင်သားသီလရှင် ၁၃ ပါးတို့းအား (၂၀)ကြိမ်မြောက်အလှူတို့ကို (၁၅.၁.၂၀၁၂) ရက်(ဗုဒ္ဓဟူးနေ့)တွင် အလှူငွေ(၈၃၇၀၀/ိ- )အား ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်းမှ အကျိုးဆောင်၍ သွားရောက်လှူဒါန်းခဲ့ကြပါသည်။ သီလရှင်များ အလှူတော်အား (၂၇) ကြိမ်မြောက် စာသင်သားရဟန်းတော်များအား လစဉ်လှူဒါန်းထောက်ပံ့မှုနှင့် အတူ ပူးတွဲ လှူဒါန်း ခြင်းဖြစ်ပါသဖြင့် အလှူတော်ဖြတ်ပိုင်း ဘောက်ချာအား (၂၇)ကြိမ်မြောက်စာသင်းသား ရဟန်းတော်များ အလှူတွင် ကြည့်ရှုနိုင်ပါသည်။ သီလရှင်များအား (၂၀)ကြိမ်မြောက် အလှူတော် ပြုလုပ်ရန်အတွက် အလှူငွေစာရင်းနှင့် လှူဖွယ်ပစ္စည်း စာရင်းမှာ အောက်ပါအတိုင်းဖြစ်သည်- စာသင်သားသီလရှင်များအား (၂၀) ကြိမ်မြောက်လှူဒါန်းခဲ့သော လှူဖွယ်ပစ္စည်းစာရင်း -
|
|
Read more...
|
|
|
|
|
<< Start < Prev 1 2 3 4 5 6 7 8 9 10 Next > End >>
|
|
Page 1 of 18 |