Theravada Buddhist Youth Organization
န၀မအကြိမ် လှူဒါန်းထောက်ပံ့မှု E-mail
အလှူမှတ်တမ်းများ - စာသင်သားရဟန်းတော်များအားလစဉ်ထောက်ပံ့မှု

အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်၌ (Buddha Dhamma) တက်နေကြသော မြောက်ဥက္ကလာ၊ ဘုန်းကြီး လမ်း၊ ကမ္ဘာ့ဗုဒ္ဓ၀ိပဿနာဗိမာန်ကျောင်းတွင် သီတင်းသုံးနေထိုင်ကြသည့်  စာသင်သား ရဟန်းတော်များအား န၀မအကြိမ်မြောက် ပစ္စည်းလေးပါးလှူဒါန်းရန်အတွက်    ထေရ၀ါဒဗုဒ္ဓဘာသာလူငယ်များအသင်းမှ အလှူငွေ တစ်သိန်းတစ်သောင်းကျပ် (၁၁၀၀၀၀ိ/- ကျပ်)ကို ၇.၂.၂၀၁၀ ရက်နေ့ မွန်းလွဲ (၂း၂၀)နာရီတွင် စာသင်သားရဟန်းတော်များအား သွားရောက်လှူဒါန်းခဲ့ကြပါသည်။ ဆွမ်းကိစ္စကြောင့်ကြမဲ့ သုံးဆောင်နိုင်ရန်အတွက် ပစ္စည်းလေးပါးစာရင်းမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

အလှူပစ္စည်းနှင့်ဝတ္ထုငွေစာရင်း

စဉ် အမည်/အရေအတွက်တန်ဖိုးကျပ်

 ၁။

  ဖျာပုံပေါ်ဆန်းမွှေး (၂)အိတ် ( ၂*၂၂၅၀၀)   ၄၅၀၀၀ိ/- ကျပ်
 ၂။  ဆီ (၅)ပိဿာ (၅*၃၇၀၀)  ၁၈၅၀၀၀ိ/- ကျပ်
 ၃။  ကြက်သွန်နီ (၁၀) ပိဿာ (၁၀*၇၀၀)   ၇၀၀၀ိ/- ကျပ်
 ၄။  ကြက်သွန်ဖြူ (၁) ပိဿာ (၁*၃၀၀၀)   ၃၀၀၀ိ/- ကျပ်
 ၅။  ပဲနီပြား (၅)ပြည် (၅*၁၄၀၀)   ၇၀၀၀ိ/- ကျပ်
 ၆။  အိုင်အိုဒင်းဆား (၃) ထုပ် (၂၃*၂၀၀)   ၆၀၀ိ/- ကျပ်
 ၇။  ငြုပ်သီးအတောင့်(၅၀)ကျပ်သား(၁)ထုပ်  ၂၂၀၀ိ/- ကျပ်
 ၈။ သကြား(၅၀)ကျပ်သား (၅*၁၄၀)
  ၇၀၀ိ/- ကျပ်
 ၉။  ပစ္စည်းသယ်ရန် Taxi ငှါးခ  ၁၅၀၀ိ/- ကျပ်
 ၁၀။  န၀ကမ္မ၀တ္ထုငွေ            ၂၄၀၅၀ိ/- ကျပ်
   စုစုပေါင်းလှူဒါန်းခဲ့သည့်ငွေ  ၁၁၀၀၀၀ိ/- ကျပ်

 

ရဟန်းတော်များထံမှ သရဏဂုံသုံးပါးနှင့် ငါးပါးသီလခံယူဆောက်တည်ခဲ့ခြင်း၊ မေတ္တာသုတ်ပရိတ်တရားတော် နာကြားခဲ့ခြင်း၊ မေတ္တာဘာဝနာ ပွါးများခဲ့ခြင်း၊ အနုမောဒနာတရား နာကြားခြဲ့ခင်းနှင့် သီလရှင်များထံမှ မေတ္တာပို့ဘာဝနာများ နာကြားခဲ့ခြင်း ကုသိုလ်အဖို့တို့ကို အလှူရှင်အားလုံးနှင့်တကွ (၃၁)ဘုံရှိ သတ္တ၀ါအပေါင်းတို့ကို အမျှပေးဝေလိုက်ပါတယ်။ ဆရာတော် ဦးဝိစိတ္တလင်္ကာရ ဟောကြားလိုက်တဲ့ တရားတော်ကို သာဓုအနုမောဒနာ ခေါ်ဆိုနိုင်ကြရန်အတွက် ဓမ္မဒါနပြုအပ်ပါသည်။       

“ယခုလို စာသင်သားရဟန်းတော်များအား ပစ္စည်းလေးပါးမှ ဆွမ်းအတွက်ကြောင့်ကြမဲ့ သုံးဆောင်နိုင်ရန် လစဉ်လှူဒါန်းနေကြတဲ့ ထေရ၀ါဒဗုဒ္ဓဘာသာလူငယ်များကို ဦးဇင်းအနေဖြင့် အနုမောဒနာတရား ဟောကြားချီးမြှင့်လိုက်ပါတယ်။ လောကမှာ ကုသိုလ်ကောင်းမှု ပြုလုပ်ကြသူတို့ရရှိတဲ့ ကြည်နူးဝမ်းမြောက်ရမှု လေးမျိုးရှိတယ်လို့ ဘုရားရှင်ဟောကြားထားပါတယ်။ ထိုလေးမျိုးတို့ကတော့-

(၁)        ကုသိုလ်ကောင်းမှုကို ပြုလုပ်သူတို့ဟာ ကောင်းတာလုပ်လျှင် ကောင်းတာအကျိုးပေးမယ်၊ နောင် တမလွန်ဘ၀စသည်ကို ယုံကြည် ကြသူတို့ဖြစ်ပါလျှင် “ငါတို့ဟာ ယခုပြုလုပ် ထားသော ကုသိုလ်ကောင်းမှုတို့ကြောင့် နောင်အခါ၌ ဧကန်မုချအကျိုးထူးများပေးလိမ့်မည်၊ ငါတို့ အလိုရှိသော နိဗ္ဗာန်သည်လည်း ဤကုသိုလ်ကောင်းမှု၏ အထောက်အပံ့ကြောင့် မလွဲဧကန် ရောက်လိမ့်မယ်” ဟု ယုံကြည်မှုသဒ္ဓါတရား အပြည့်နဲ့ ကြည်နူးဝမ်းမြောက်မှုတွေ ဖြစ်ကြရတယ်။

(၂)        ကုသိုလ်ကောင်းမှုကို ပြုလုပ်သူတို့ဟာ ကောင်းတာလုပ်လုပ်လျှင် ကောင်းကျိုးပေးတယ်ဟူ၍ မယုံကြည်၊ ဘ၀သံသရာရှိခြင်းကို မယုံကြည်ကြသော်လည်း ကောင်းမှုပြုဆဲ ဘ၀၌ မိမိပြုလုပ်လိုက်တဲ့အတွက်ကြောင့် သူတစ်ပါးတို့ ချမ်းသာသုခရရှိသွားကြတာကို တွေ့မြင် ကြားသိရ၍ ၀မ်းမြောက်ကြည်နူးမှုဖြစ်ကြရတယ်။

(၃)        ကုသိုလ်ကောင်းမှု ပြုလုပ်သူတို့ဟာ အကုသိုလ်ကံပြုလုပ်လျှင် မကောင်းကျိုးတို့ကို ပေးတတ်တယ်၊ မကောင်းမှုပြုတဲ့သူဟာ နောင် အခါ၌ အပါယ်ငရဲ ကျတတ်တယ်ဟူ၍ ယုံကြည်ကြသူများ ဖြစ်ကြပါလျှင် “ငါတို့ဟာ မကောင်းမှုတွေကို ရှောင်ကြဉ်နေဖြစ်ကြတယ်၊ တိုသို့ ရှောင်ကြဉ်ကြသဖြင့် မကောင်းတဲ့ဘ၀တို့ကို နောင်အခါ မရနိုင်ကြတော့ဘူး” စသဖြင့် ယုံကြည်ကြပြီး ၀မ်းမြောက်ကြည်နူးမှုဖြစ်ကြရတယ်။

(၄)        ကုသိုလ်ကောင်းမှု ပြုလုပ်သူတို့ဟာ လောကမှာ မကောင်းမှုပြုခြင်းကြောင့် မကောင်းတဲ့အကျိုးပေးတယ်ဟု ယုံကြည်ခြင်းလည်း မဟုတ်၊ မကောင်းမှုပြုလျှင် နောင်ဘ၀၌ အပါယ်ငရဲကျတတ်တယ်ဟု ယုံကြည်ခြင်းလည်းမဟုတ်၊ တချို့ဘာသာတို့အယူရှိသကဲ့သို့ အချင်းချင်းသတ်မိကြတယ်ဆိုတာ ရုပ်ရုပ်ချင်းထိခိုက်ခြင်းသာဖြစ်တယ်၊ မကောင်းမှုကံလည်းမဟုတ်၊ ကောင်းမှုကံလည်းမဟုတ် ဒီဘ၀ပြီး ပြီးတာပဲ၊ နောင်ဘ၀ဆိုတာမရှိ စတဲ့အယူတွေရှိသူတို့ ဖြစ်နေကြလျှင်လည်း ကောင်မှုပြုနေဆဲ၌ မကောင်းမှုအကုသိုလ်တွေကို ရှောင်ကြဉ် နေဖြစ်ခြင်း၊ မိမိကြောင့် သူတစ်ပါးတို့ ၀မ်းသာကြည်နူးဖြစ်နေခြင်းတို့ကို မြင်ရသဖြင့် ကြည်နူးဝမ်းမြောက်မှုတွေ ဖြစ်ကြရတယ်။

            ထို့ကြောင့် ယခုလို စာသင်သားများကို လစဉ်လတိုင်း ပစ္စည်းလေးပါးထောက်ပံ့ခြင်းဟာ မွန်မြတ်တဲ့ကောင်းမှု ဖြစ်တဲ့အတွက် ကြောင့် မလုပ်ခင်၊ လုပ်နေဆဲ၊ လုပ်ပြီးတို့မှာလည်း ကြည်နူးဝမ်းမြောက်နေကြရမယ်။ ယုံကြည်မှု သဒ္ဓါတရားအပြင်၊ ဆင်ခြင်ဉာဏ် ပညာပါ ပါပြီး လုပ်ဆောင်တဲ့အလုပ်တွေ ဖြစ်တဲ့အတွက် ပိုပြီး မွန်မြတ်လှပါပေတယ်။ ယခုကဲ့သို့ ကောင်းမှုများကို အစဉ်အမြဲ ပြုလုပ်နိုင်ကြပြီး မအို၊ မနာ၊ မသေရာ နိဗ္ဗာန်သို့ မျက်မှောက်ပြုနိုင်ကြပါစေလို့ ဆုတောင်းမေတ္တာပို့သရင်း တရားတော်ကို နိဂုံးချုပ်လိုက်ပါတယ်။”

ထွန်းထွန်းလှိုင်

လှူဒါန်းမှု မှတ်တမ်းဓါတ်ပုံများ

+/-
Write comment
Name:
Email:
 
Website:
Title:
UBBCode:
[b] [i] [u] [url] [quote] [code] [img] 
 
 
:angry::0:confused::cheer:B):evil::silly::dry::lol::kiss::D:pinch:
:(:shock::X:side::):P:unsure::woohoo::huh::whistle:;):s
:!::?::idea::arrow:
 
Please input the anti-spam code that you can read in the image.
+/- Comments
Add New Search

3.26 Copyright (C) 2008 Compojoom.com / Copyright (C) 2007 Alain Georgette / Copyright (C) 2006 Frantisek Hliva. All rights reserved."