Theravada Buddhist Youth Organization
ဆန္ဒနှင့်သိက္ခာလဲသူများ (ပဉ္စမအကြိမ်) E-mail
သီလရှင်များအား လှူဒါန်းမှုများ - အာသောကာရာမ သီလရှင်စာသင်တိုက်သို့ လစဉ်လှူဒါန်းမှု
လူတိုင်းမှာ ဆန္ဒကိုယ်စီလေးတွေ ရှိတတ်ကြစမြဲပါပဲ။ ဆန္ဒဆိုသည်မှာ လိုချင်ကာမတ္တသဘောကိုဆိုတာပါ။ ဆန္ဒမှာ လည်း ကောင်းတဲ့ ဆန္ဒရှိသလို မကောင်းတဲ့ဆန္ဒလည်း ရှိပါတယ်။ ကိုယ့်အတွက် ဆန္ဒရှိသလို အများအတွက် ဆန္ဒလည်း ရှိကြပါမယ်။ ဆန္ဒမှာ အဓိပတိတပ်ရင်တော့ မဖြစ်နိုင်တာ မရှိဘူးလို့ မြတ်ဗုဒ္ဓ မိန့်ကြားတော်မူတာလည်း ရှိပါတယ်။ ကိုယ့် အတွက်ဖြစ်စေ၊ အများအတွက်ဖြစ်စေ ကောင်းတဲ့ဆန္ဒရှိကြရင် သူတော်ကောင်းတို့ ချီးမွမ်းကြတာချည်းပါပဲ။ သို့ပေမယ့် ဆန္ဒနောက်မှာ အယောနိသောဝင်ရင်တော့ တဏှာလောဘအစရှိတဲ့ အကုသိုလ်ဖြစ်သွားပါပြီ။

  အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အတွေ့အထိ၊ တွေးကြံစိတ်ဆိုတဲ့ အာရုံ(၆)ပါးနဲ့ မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊ စိတ် ဆိုတဲ့ ဒွါရ(၆)ပါးဆုံတိုင်းမှာ တရားအသိမ၀င်ခဲ့ရင် အယောနိသောမနသိကာရဆိုတဲ့ နှလုံးသွင်းမမှန်ခဲ့ရင် တဏှာလောဘ ဖြစ်ပါတော့တယ်။ အဆင်းတစ်ခုကို ကိုယ့်ဟာမဟုတ်သေးဘူးဆိုတဲ့အသိကို ဟုတ်ချင်လို့ ကြိုက်တဲ့ ၀ိဘ၀တဏှာ၊ မျက်စိကို ကိုယ့်ဟာပိုင်ထားတယ်ဆိုပြီး တပ်မက်တဲ့ ဘ၀တဏှာ၊ ကြည့်ချင် ကြားချင် စားချင်စတဲ့ လိုချင်တပ်မက်တဲ့ ကာမတဏှာ သုံးမျိုးအားဖြင့် အာရုံနဲ့ဒွါရတိုက်ဆိုင်တိုင်း တဏှာ ဖြစ်ပါတယ်။  ဘုရားအစရှိတဲ့ ရဟန္တာအရှင် သူမြတ်များမှာ တော့ တဏှာ အကြွင်းမဲ့ ပယ်သတ်ပြီး ဖြစ်တဲ့အတွက် မြင်စိတ်ဖြစ်သော်လည်း တဏှာသို့ မကူးပါ။

 တဏှာဖြစ်ပြီဆိုလျှင် စွဲလန်းတတ်တဲ့ ဥပါဒါန်၊ ဥပါဒါန ပစ္စယာ ဘဝေါဟူသော ပဋိစ္စသမုပ္ပါဒ်တရားဒေသနာတော် အတိုင်း ကိုယ်ဖြင့်ပြုတဲ့ ကာယအမှု၊ နှုတ်ဖြင့်ပြောတဲ့ ၀စီအမှု၊ စိတ်ဖြင့်ကြံတွေးတဲ့ မနောအမှုတွေကြောင့် ကမ္မဘ၀ကို ရရှိမှာပါ။ ဒီလိုဖြစ်ပြီဆိုမှဖြင့် အိုမှုဆင်းရဲ၊ နာမှုဆင်းရဲ၊ သေမှုဆင်းရဲ၊ ကိုယ်ဆင်းရဲခြင်း၊ စိတ်ဆင်းရဲခြင်း၊ မလိုဒေါသ၊ ပူဆွေးသောက အစရှိတဲ့ ဆင်းရဲခြင်းအမှန်တရားတွေလည်း ရရှိခံစားရတော့တာပါပဲ။ လူဆိုတာကလည်း အမိဝမ်းမှ မွေးဖွားလာကတည်းက လောဘနဲ့ စတင်မွေးဖွားကြသူချည်းပါပဲ။ လိုချင်ခြင်းတွေနဲ့ စတင်ခဲ့တဲ့ ဘ၀မှ သေသည် အထိလည်း လိုချင်မှုတွေ စွဲလန်းမှုတွေနဲ့ပဲ နိဂုံးချုပ်ခဲ့ရပါတယ်။ ဒီလိုနဲ့ပဲ သံသရာတစ်ကြောမှာ ခေါင်းတောင် မဖော်ရဲအောင် ကျင်လည် ခဲ့ရပြီးပါပြီ။

  လူသားတွေထဲကမှ မိန်းမသားတို့၏ သဘာဝတို့ကို ဖွင့်ဟကြည့်ရင် အလှအပဆိုတာကို သိပ်မြတ်နိုးချင်ကြတယ်။ တိရစ္ဆာန်လေးတွေပဲဖြစ်ဖြစ်၊ သက်မဲ့အရုပ်လေး တွေပဲဖြစ်ဖြစ် ချစ်ချင်ကြတယ်။ မြတ်နိုးချင်ကြတယ်။ မိမိကိုယ်မိမိလည်း အလှအပများနဲ့ ထုံမွှမ်းချင်ကြတယ်။ မြန်မာမိန်းခလေးတို့ရဲ့ ချစ်စရာကောင်းလှတဲ့ နက်မှောင်ကျော့ရှင်းသော ဆံကေသာ အလှကိုပင် မြတ်နိုးတန်ဖိုးထားစရာ တစ်ခုအဖြစ် သတ်မှတ်လေ့ရှိကြတယ်။ ရာသီအလိုက်ပွင့်တဲ့ ပန်းလေးတွေကိုလည်း ဆံကေသာထက်မှာ ပန်ဆင်ချင်ကြတယ်။

  မိန်းခလေးတို့ဟာ နူးညံ့တဲ့သတ္တိ ရှိသည့်အားလျော်စွာ သံစဉ်တေးသွားတို့မှာလည်း ရစ်မူးချင်ကြတယ်။ အလှအပကို မော်ကြွားလိုခြင်း၊ ကိုယ်ဟန်ထင်ပြခြင်းထက် မိန်းခလေးတို့ ပင်ကိုသဘောမှာက အလှအပကို မြတ်နိုးချင်ကြတယ်။ လူမျိုးတွေ ဘာသာစကားတွေ အသားအရောင်တွေ ကွဲပြားပင် ကွဲပြားသော်ငြားလည်း မိန်းခလေးတို့၏ အလှအပကို မြတ်နိုးချင်တာ မြတ်နိုးတတ်တာ မြတ်နိုးနေကြတာခြင်းတော့ တူကြပါလိမ့်မယ်။ ဆင်ယဉ်ထုံးဖွဲ့မှုပုံသဏ္ဍာန်သာ ယဉ်ကျေး မှုဆိုင်ရာအားဖြင့်ကွဲပြားနိုင်မှာပါ။

 ဒီလို အလှအပတွေမှာလိုချင်တာ၊ ကာမဂုဏ်များမှာ ပျော်မွေ့ချင်တာ၊ ၀တ်ချင် စားချင် လှချင်စတဲ့ လိုချင်တပ်မက်မှုတွေ ထဲကနေ ရုံးထွက်ဖို့ ကြိုးစားနေသူကို ဖော်ပြချင်သော ဆန္ဒသာ ဤနေရာမှာ အခရာဖြစ်ပါလိမ့်မယ်။

  တဏှာရဲ့ကျေးကျွန်အဖြစ်မှနေ ရုံးထွက်ဖို့ ဘာသာတရားများကို လေ့လာလိုက်စား ကြိုးစားအားထုတ်နေကြသော အမျိုးသမီးများလည်း များစွာရှိပါတယ်။ ထိုအထဲမှာ လေးစားကြည်ညိုစရာ ပူဇော်စရာကတော့ သာသနာ့နွယ်ဝင်ဖြစ်သော၊ ပိဋကတ်စာပေများ ကြိုးစားအားထုတ်ရင်း သာသနာ့တော်ကို ဆောက်ရှောက်လျှက်ရှိကြသော သိက္ခာရှင် ဆရာလေးများပဲ ဖြစ်ပါတယ်။ ခေတ်နဲ့အညီ ပြောင်းလဲနေတဲ့ ဖက်ရှင်ဒီဇိုင်း အ၀တ်လှပများကို စွန့်လွှတ်ပြီး သာသနာ့ ဖန်ရည်စွန်းအ၀တ်ကို သာ ၀တ်ဆင်ထားသော၊ ဆံကေသာအလှမျိုးစုံကို မျက်ကွယ်ပြု ဆက်စုပ်ရွံ့ရှာဖွယ် ၃၂ ကောဌာသကဲ့သို့ ရှုမြင်သော၊ အမွှေးနံ့သာ လိမ်းကျံစရာများကို ပယ်စွန့်ပြီး မြင့်မြတ်သော သီလတော်ကို စောင့်ထိန်းကြပြီး နိက္ခမပါရမီနဲ့တကွ ပါရမီတော် များကို ဖြည့်ဆည်းနေကြသော သိက္ခာရှင်ဆရာလေးတို့ကို တွေ့မြင်ရတာဟာ တကယ်ကို ကြည်ညိုစရာ ကောင်းလှပါ တယ်။ ဆန္ဒကို သိက္ခာနဲ့ ပြောင်းပြန်အချိုးချလိုက်တာပါပဲ။

 ပုထုဇဉ်အားလျော်စွာ၊ မိန်းခလေးတို့၏ သဘာဝဆန်စွာ လိုချင်သော ဆန္ဒလေးတွေ ရှိကောင်း ရှိနိုင်ပါတယ်။ သို့ပေမယ့် ဆန္ဒထက် သိက္ခာတော်ကို အသက်နဲ့ထပ်တူ စောင့်ထိန်းနေတာ လေးစားစရာ ကြည်ညိုစရာ အလွန်းကောင်းပါတယ်။ ဒီလို အိမ်ထောင်မပြု၊ ဖန်ရည်စွန်းအ၀တ်ကို ၀တ်ဆင်၊ ဆံပင်ကိုပယ်ရုံမျှနှင့်လည်း သီလရှင်လို့ မဆိုထိုက်သေးပါဘူး။ စိတ်ဓါတ်၊ စိတ်နှလုံးနူးညံ့သိမ်မွေ့ဖို့၊ သည်းခံခွင့်လွှတ်နိုင်ဖို့ အများကြီးပြုပြင်ပြောင်းလှဲဖို့လိုပါတယ်။ သီလရှင်စိတ်ဓါတ်ရှိဖို့ အများကြီး လိုပါတယ်။ သာသနာ့ဘောင်ကို ရောက်လာပြီဆိုရင် ခြေသုပ်ပုဆိုး၊ မြွေစွယ်ကျိုး၊ ဂျိုကျိုးတဲ့နွားပမာ အရာရာကို သည်းခံရ မည်လေဆိုပြီး ဆရာလေးတစ်ပါး မိန့်ကြားတာ မှတ်သားခဲ့ရပါတယ်။

 သီလတရားတို့တင်မက သာသနာ့နွယ်ဝင်ဖြစ်ဖို့ကလည်း မလွယ်လှပါဘူး။ တစ်ဖက်မှာ ပိဋကတ်တော်တွေသင် တစ်ဖက်မှာလည်း အသေးဖွဲကစ တံမျက်စည်းလှဲ၊ ကြမ်းတိုက်၊ အိမ်သာဆေး အစရှိလို့ အခြေခံအကျင့်ကောင်းတွေကို လည်း ကျင့်ရပါတယ်။ အသေးဖွဲကအစ အလေးနက်ထားဆောင်ရွက်ရသည်ချည်းသာပါပဲ။ န စ ခုဒ္ဒ မာစရေ ကိဉ္စိ- တစ်စုံတစ်ခုသော ပညာရှိတို့ကဲ့ရဲ့အံ့သောအမှု (သေးသိမ်ညံ့ဖျင်းသောအမှု)တို့ကို အနည်းငယ်မျှသော်လည်း မကျင့်ရာလို့ ဘုရားရှင်ဟောကြားခဲ့တဲ့အတိုင်း လိုက်နာနိုင်အောင် ကျင့်နေကြတာအမှန်ပါပဲ။ မကောင်းမှုဆိုတာကလည်း သေးသေး လေးအစ ရှောက်ကြဉ်ရပါတယ်။ ဥပမာ- မုသာဝါဒိဿ ဇန္တုနော၊ နတ္ထိ ပါပံ အကာရိယ- လိမ်လည်တတ်သူအတွက် မလုပ်ရဲတာ ဘာမှ မရှိပါဘူး ရယ်လို့ ဘုရားရှင်ဟောကြားတော်မူခဲ့သည့်အတိုင်း စကားကို လွယ်လွယ်ပြောတတ်သူ၊ လိမ်လည်ပြောတတ်သူဟာ လိမ်ဖန်ပြောဖန်များလာရင် မကောင်းမှုကြီးတွေကိုလည်းပြုလုပ်ဖို့ ၀န်လေးတော့မှာ မဟုတ် ပါဘူး။ အကုသိုလ်တွေဟာလည်း ဒီသဘောတွေချည်းပါပဲ။ မကောင်းမှု နည်းနည်းလေး လုပ်ရင်းကနေ အကြီးကြီးကိုလုပ်ဖို့ ၀န်မလေးတော့ပါဘူး။ စိတ်ဆိုတာလည်း မကောင်းမှုမှာမှ ပျော်မွေ့တတ်တဲ့ သဘောရှိတယ်လို့ မြတ်စွာဘုရားရှင် ဟောကြားထားသလိုပဲ လူသားတိုင်းဟာ မကောင်းမှုဆို လွယ်လွယ်လေးပြုတတ်ကြတာပါပဲ။ ဒီလို မကောင်းမှုတွေကို ပျော်မွေ့ချင်တဲ့ ဆန္ဒတွေကို သိက္ခာတရားနဲ့ ထိန်းသိမ်းကာ ကျင့်ကြံနေတဲ့ သိက္ခာရှင်ဆရာလေးများကို လှူဒါန်းထောက်ပံ့ နေတာဟာလည်း အင်မတန်မှ မွန်မြတ်တယ်ဆိုတာ သိသာလှပါတယ်။  ဒီလို သာသနာတော်ကို တစ်ဖက်တစ်လမ်းမှ စောင့်ရှောက်ကာ ကြိုးစားအားထုတ်နေသူတွေ၊ ဆန္ဒကို သိက္ခာနဲ့လဲသူတွေကို ဆထက်တပိုး ထောက်ပံ့နိုင်ကြပါစေ။

ဓမ္မမိတ်ဆွေအပေါင်းကျန်းမာချမ်းသာကြပါစေ

အမောင်(ရေနံ့သာ)

 

ပဉ္စမအကြိမ်မြောက်အဖြစ် ကျွန်တော်တို့ ထေရ၀ါဒဗုဒ္ဓဘာသာလူငယ်များအသင်းအနေဖြင့် သီလပန်းတို့အား ဆင်မြန်းထားသော သီလရှင်ဆရာလေးတို့အား အဆင်ပြေစွာ ပရိယတ်၊ ပဋိပတ် နှစ်ဖြာအား ကျင့်ကြံနိုင်စေရန် တစ်နည်းအားဖြင့် ဆန္ဒနှင့်ကိုယ့်ကျင့်သီလများအားလဲ၍ သီလ၊ သမာဓိ၊ ပညာများဖြည့်ကျင့်နေသော  ဆရာလေးဒေါ်သုနန္ဒာ(ဖုန်း-၀၉-၈၆၂၈၈၁၁)ဦးစီးတဲ့ “အသောကာရာမသီလရှင်စာသင်တိုက်”၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ် သို့ လှူဒါန်းခဲ့ကြပါသည်။  သီလရှင်ကျောင်းလေး၌ သီလရှင် ၃၀ပါး သီတင်းသုံးနေထိုင်ကြပြီး ပရိယတ္တိကျောင်းလည်းဖြစ်၊ ဆရာလေး ဒေါ်သုနန္ဒာရဲ့ ကြိုးပမ်းအားထုတ်မှုဖြင့် ကျောင်းရှိ သီလရှင်လေးများကို တန်းကျောင်းလည်း ထားပေးထားတဲ့အတွက် ပရဟိတကျောင်း လေးလို့လည်း ပြောလို့ရပါတယ်။ ထိုကျောင်းလေးသို့ ၃.၅.၂၀၁၀ ရက်နေ့ မနက်၌ မင်္ဂလာဒုံဈေးမှ လှူဖွယ်ပစ္စည်းများဝယ်ယူပြီး သီလရှင်ကျောင်းသို့ နေ့လယ် (၁၁း၀၀)နာရီတွင် ကျွန်တော်တို့ အသင်းအနေဖြင့် သွားရောက်လှူဒါန်းခဲ့ကြပါတယ်။

ပဉ္စမအကြိမ် လှူဒါန်းမှုအတွက် ထေရ၀ါဒဗုဒ္ဓဘာသာလူငယ်များအသင်းမှ ငါးသောင်းကျပ်၊ စင်္ကာပူ အလှူရှင်မှ တစ်သိန်းကျပ် နှင့် မတင်တင်ထွေးခေါ် မစနိုးဟောက်စမှ ငါးသောင်းကျပ် လှူဒါန်း၍ စုစုပေါင်း ၂၀၀၀၀၀ (၂ သိန်း) ကျပ်တိတိအား လှူဒါန်းခဲ့ကြပါသည်။ လှူဖွယ်ပစ္စည်များစာရင်းနှင့် အလှူမှတ်တမ်းမျာအား ၀မ်းမြောက်ဝမ်းသာ သာဓုခေါ်ဆိုနိုင်ကြပါစေ။

လှူဖွယ်ပစ္စည်းများစာရင်း

စဉ်
လှုဒါန်းသည့်ပစ္စည်းအမျိုးအမည်ကုန်ကျငွေ
 ၁  ပေါ်ဆန်းမွှေး (၄)အိတ်( ၄ (* ၂၃၅၀၀)   ၉၄၀၀၀/ိ- ကျပ်
 ၂  ပဲဆီသန့် (၈)ပိဿာ(၈* ၄၄၀၀)   ၃၅၂၀၀/ိ- ကျပ်
 ၃  ကြက်သွန်နီ (၆) ပိဿာ( ၆* ၃၅၀)   ၂၁၀၀/ိ- ကျပ်
 ၄  ကြက်သွန်ဖြူ (၁) ပိဿာ (၂*၃၂၀၀)   ၆၄၀၀/ိ- ကျပ်
 ၅  ကာလားပဲ (၃) ပိဿာ(၃*၁၆၀၀)   ၄၈၀၀/ိ- ကျပ်
 ၆  အိုင်အိုးဒင်းဆား (၂) ထုပ် (2 *၁၅၀)   ၃၀၀/ိကျပ်
 ၇ သကြား (၅၀) ကျပ်သား( ၅ * ၁၄၀)   ၇၀၀/ိကျပ်

  ပဲနီပြား (၅) ပြည် ( ၅* ၁၅၀၀)   ၇၅၀၀/ိကျပ်
 ၉  မြေပဲဆံ (၁) ပိဿာ ( ၁*၂၃၀၀)   ၂၃၀၀/ိ- ကျပ်
 ၁၀  ပရီးမီးယားကော်ဖီပေါင်ထုပ် (၂) ထုပ်  (၂*၂၅၅၀)   ၅၁၀၀/ိ- ကျပ်
 ၁၁  ၀မ်းတီးနို့ဆီ (၃) ဗူး ( ၃* ၆၅၀)   ၁၉၅၀/ိ- ကျပ်
 ၁၂  ကာဘော်လစ်ဆပ်ပြာ (၈) တောင်( ၈* ၄၀၀)   ၃၂၀၀/ိ- ကျပ်
 ၁၃